
(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတက်ရောက်ဖွင့်လှစ်
ဆောင်ရွက်ချက်များ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၁၇)ရက် နံနက်(၀၉ဝဝ) နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ကျောင်းကုန်းကျေးရွာတွင် ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီး (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆောက်လုပ်ရေး ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဆလိုင်းလှထွန်း၊ မကွေးတိုင်းဒေသကြီးလွှတ်တော်၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ဒေသခံချင်းတိုင်းရင်းသားလူမျိုးများ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ချင်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ တို့မှ ချင်းအမျိုးသားနေ့ မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးတို့မှ အဖွင့်အမှာစကားများပြောကြားခဲ့ပါသည်။