
(၇၂)နှစ်မြောက် အာဇာနည်နေ့ ဆွမ်းဆက်ကပ်ခြင်းနှင့် လွမ်းသူ့ပန်းခွေချ အလေးပြုခြင်း အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တက်ရောက်
ဆောင်ရွက်ချက်များ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့ နံနက်(၀၆ဝဝ)နာရီအချိန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် (၇၂)နှစ်မြောက်အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ရေစက်ချအမျှ ပေးဝေခြင်းအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဦးလှသန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်တို့မှ ချီးမြှင့်သော တရားတော်များအား အတူတကွ နာယူကြ၍ ရေစက်ချအမျှပေးဝေကာ လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြပါသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးတာနှင့်အဖွဲ့တို့သည် မကွေးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံသို့ သွားရောက်ခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းသူ့ပန်းခွေချ အလေးပြုခြင်းအခမ်းအနားသို့ တက်ရောက်ဂါရဝပြုခဲ့ကြပါသည်။ လွမ်းသူ့ပန်းခွေချ အလေးပြုခြင်း အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ တက္ကသိုလ်/ကောလိပ်များမှ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပါတီပေါင်းစုံမှ အကြီးအကဲများနှင့် ပါတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းများ၊ အခြေခံပညာ ကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ပြည်သူလူထုများ တက်ရောက်ခဲ့ကြပါသည်။