
Belt and Road Initiative Challenges and Opportunities အလုပ်ရုံဆွေးနွေးပွဲ သို့ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ တက်ရောက်
ဆောင်ရွက်ချက်များ၂၀၁၉ခုနှစ်၊ မတ်လ(၃၀)၊(၃၁)ရက်နေ့ နံနက်(၀၉၀၀)နာရီအချိန် မကွေးမြို့ ထိန်ထိန်သာဟိုတယ်တွင်
Good GovernanceSupport Association (GGSA)နှင့် HBS (Heinrich Boll Stiftung)တို့ပူးပေါင်း၍ Belt and Road Initiative Challenges and Opportunities
အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာ၊ ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်း၊ ကချင်ပြည်နယ်လွှတ်တော်မှ ဒုတိယဥက္ကဋ္ဌနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ဖိတ်ကြားထားသော လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပမှပညာရှင်များနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌမှအဖွင့်အမှာစကားပြောကြားခဲ့ပြီး GGSA မှ တာဝန်ရှိသူများနှင့် ပြည်တွင်းပြည်ပမှ ပညာရှင်များမှ တရုတ်နိုင်ငံဗဟိုပြုပိုးလမ်းမရပ်ဝန်းနှင့် လမ်းကြောင်းမဟာစီမံကိန်းနှင့် စပ်လျဉ်း၍ စီမံကိန်း၏နောက်ခံအခြေအနေ၊ ရည်ရွယ်ချက်များ၊ အခြေခံမူများနှင့်
စိန်ခေါ်မှုများ၊ အခွင့်အလမ်းများ၊ ငွေကြေးရင်းနှီးမြုပ်နှံမှု အခြေအနေများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသောလွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ အဆိုပါမဟာစီမံကိန်းနှင့် ပတ်သက်၍ မေးခွန်းများမေးမြန်းခြင်းနှင့် အုပ်စုလိုက် ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပြီး ဆွေးနွေးပွဲအပြီးတွင် စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ခဲ့ကြပါသည်။