
Covid-19 ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် Mask များကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ လက်ခံရယူ
ဆောင်ရွက်ချက်များ၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၁၀ ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန် မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံသို့ တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မိသားစုများနှင့် ဒေသတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးစီမံကိန်းများကို အကောင်အထည်ဖော်နေကြသော ကုမ္ပဏီ မိသားစုများ (ကိုယ်စား) မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးတင်နွယ်ဦး နှင့် တိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းဆန်းလှိုင် တို့က နှာခေါင်းစည်း Mask (၁၂၅၀၀)ခုအား ပေးအပ်လှူဒါန်းခဲ့ပါသည်။
အဆိုပါ Mask များအား ပထမအကြိမ်အဖြစ် ဇယားပါမြို့နယ်များအတိုင်း သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များမှတဆင့် ပြည်သူများထံသို့ ဖြန့်ဝေပေးအပ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မိသားစုများနှင့် ဒေသတွင်း
ကျေးလက်လမ်းဖွံ့ဖြိုးရေးစီမံကိန်းများကို အကောင်အထည်ဖော်နေကြသော ကုမ္ပဏီ
မိသားစုများမှ လှူဒါန်းသော နှာခေါင်းစည်း Mask (၁၂၅၀၀)ခုအား ပထမအကြိမ်
ဖြန့်ဝေမည့် မြို့နယ်စာရင်း
စဉ် | မြို့နယ်အမည် | အရေအတွက် |
၁ | ရေနံချောင်း | ၁၀၀၀ |
၂ | ချောက် | ၁၀၀၀ |
၃ | ဆိပ်ဖြူ | ၁၀၀၀ |
၄ | တောင်တွင်းကြီး | ၁၀၀၀ |
၅ | မြို့သစ် | ၁၀၀၀ |
၆ | နတ်မောက် | ၁၀၀၀ |
၇ | ဆင်ပေါင်ဝဲ | ၁၀၀၀ |
၈ | အောင်လံ | ၁၀၀၀ |
၉ | မင်းဘူး(၅၀၀)ခု+စကု(၅၀၀)ခု | ၁၀၀၀ |
၁၀ | ပွင့်ဖြူ | ၁၀၀၀ |
၁၁ | စလင်း(၁၃၀၀)ခု+ဆင်ဖြူကျွန်း(၇၀၀)ခု | ၂၀၀၀ |
၁၂ | စေတုတ္တရာ | ၅၀၀ |
စုစုပေါင်း | ၁၂၅၀၀ |