
Top Power Excellence Co, Ltd မှ အဆင့်မြင့်နည်းပညာသုံး လမ်းခင်းခြင်းနည်းစနစ် မိတ်ဆက်တင်ပြခြင်းအား မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ လက်ခံတွေ့ဆုံကြည့်ရှု
ဆောင်ရွက်ချက်များ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၃)ရက်နေ့ နေ့လည်(၁၄၃ဝ)နာရီအချိန်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး
ရေးရာကော်မတီရုံးခန်းတွင် Top Power Excellence Co, Ltd မှ တာဝန်ရှိသူများက ကိုးရီးယားနိုင်ငံအခြေစိုက် DooSung Chemical မှ အဆင့်မြင့်နည်းပညာသုံး လမ်းခင်းခြင်းနည်းစနစ်ကို မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးတာ၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား မိတ်ဆက်တင်ပြခဲ့ပါသည်။
အခမ်းအနားတွင်Top Power Excellence Co, Ltd တာဝန်ရှိသူများမှ အဆင့်မြင့်နည်းပညာသုံး လမ်းခင်းခြင်းနည်းစနစ်ကို Power Point ဖြင့် ရှင်းလင်းတင်ပြမှုများအပေါ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဆောက်လုပ်ရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးကော်မတီဝင်များမှ သိရှိလိုသည်များ မေးမြန်းခဲ့ရာ ကုမ္ပဏီ တာဝန်ရှိသူများမှ အသေးစိတ် ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။