တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေး (သတ္တမနေ့) ကျင်းပခြင်း

ဆောင်ရွက်ချက်များ

တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေး (သတ္တမနေ့) ကျင်းပခြင်း

၁။         တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေး (သတ္တမနေ့)ကို ၂၂.၆.၂၀၂၆ရက် (တနင်္လာနေ့) နံနက်(၁၀း၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားမှူးအဖြစ် ဦးမိုးကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆောင်ရွက်ခဲ့ ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၆၁)ဦး ရှိပြီး (၅၅)ဦး တက်ရောက်သည့်အတွက် အစည်းအဝေးတက်ရောက်မှု (၉၀.၁၆)ရာခိုင်နှုန်းဖြစ်ပါသည်။

၂။          အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း( ၅ )ခုကို လွှတ်တော်ကိုယ်စားလှယ်( ၂  )ဦးက မေးမြန်း ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး( ၃ )ဦးမှ ပြန်လည်ဖြေကြားခဲ့ပါသည်။

၃။         ဆက်လက်၍ မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ဆောက်လုပ်ရေး၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကော်မတီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်း၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာကော်မတီတို့တွင် ဖွဲ့စည်းမည့် အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့ကိုလည်းကောင်း၊ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၏ အမည်စာရင်းကိုလည်းကောင်း ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်မရှိသည့် အတွက် လွှတ်တော်၏အတည်ပြုချက်ရယူခြင်း ဆောင်ရွက်ခဲ့ပါသည်။

၄။         မကွေးတိုင်းဒေသကြီးလွှတ်တော်၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်နှင့် စည်ပင်သာယာရေး ဆိုင်ရာကော်မတီ ဖွဲ့စည်းမည့် အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့ကို လည်းကောင်း၊ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၏ အမည်စာရင်းကိုလည်းကောင်း လွှတ်တော်သို့တင်ပြခြင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

၅။         ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ဒုတိယ ပုံမှန်အစည်းအဝေး သတ္တမနေ့ ရပ်နားကြောင်းနှင့် အစည်းအဝေး အဋ္ဌမနေ့ကို ၂၅.၆.၂၀၂၆ ရက် (ကြာသပတေးနေ့) နံနက်(၁၀း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပြီး အစည်းအဝေးကို (၁၀း၅၅)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။