တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) (ပထမနေ့) ကျင်းပခြင်း

ဆောင်ရွက်ချက်များ

တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) (ပထမနေ့) ကျင်းပခြင်း

၁။      တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ အရေးပေါ်အစည်းအဝေး(၁/၂၀၂၆) ပထမနေ့ ကို ၃၀. ၁၀. ၂၀၂၆ ရက်(သောကြာနေ့) နံနက် ၀၉၃၀ နာရီတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားမှူးအဖြစ် ဦးမိုးကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၆၁)ဦး ရှိပြီး (၄၉)ဦး တက်ရောက်သည့်အတွက် အစည်းအဝေးတက်ရောက်မှု (၈၀.၃၃)ရာခိုင်နှုန်း ဖြစ်ပါသည်။

၂။       အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ကြည်း- ၃၁၈၂၃ ဗိုလ်မှူးကြီးနိုင်ဇင်ထွန်းက လွှတ်တော်ဥက္ကဋ္ဌ၏ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

၃။      ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဆိုပြုသည့် မကွေးတိုင်း ဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးမည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၏ အမည်စာရင်းအား လွှတ်တော်သို့ကြေညာခြင်းနှင့် ကန့်ကွက်ဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ကန့်ကွက်ကြောင်းအဆို တင်သွင်းပြီး ဆွေးနွေးနိုင် ကြောင်း ကြေညာခြင်းတို့ဆောင်ရွက်ကာ အစည်းအဝေးကို (၁၅)မိနစ်ခန့် ရပ်နားခဲ့ပါသည်။

၄။      ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ကန့်ကွက်ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ် မရှိသည့်အတွက်  လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ပြီး လွှတ်တော်၏ဆုံးဖြတ်ချက်ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ ပြန်ကြားသွားမည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

၅။      ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ အရေးပေါ် အစည်းအဝေး(၁/၂၀၂၆) ပထမနေ့ ရပ်နားကြောင်းနှင့် အစည်းအဝေး ဒုတိယနေ့ ကျင်းပမည့် နေ့ရက် နှင့် အချိန်ကို ကြိုတင်အသိပေးမည်ဖြစ်ကြောင်း ကြေညာပြီး အစည်းအဝေးကို ၁၀၁၅ နာရီတွင် ရပ်နားခဲ့ပါသည်။