တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ တတိယပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ကျင်းပခြင်း

ဆောင်ရွက်ချက်များ

တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ တတိယပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ကျင်းပခြင်း

၁။       တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ တတိယပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ကို ၂၀. ၈. ၂၀၂၆ ရက်(ကြာသပတေးနေ့) နံနက် ၁၀၀၀ နာရီတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားမှူးအဖြစ် ဦးမိုးကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၆၁)ဦး ရှိပြီး (၅၄)ဦး တက်ရောက်သည့်အတွက် အစည်းအဝေးတက်ရောက်မှု (၈၈.၅၂)ရာခိုင်နှုန်း ဖြစ်ပါသည်။

၂။       အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၅)ခုကို လွှတ်တော်ကိုယ်စားလှယ်(၁၂)ဦးက မေးမြန်းပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး( ၅ )ဦးမှ ပြန်လည်ဖြေကြားခဲ့ပါသည်။

၃။       ဆက်လက်ပြီး တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေစာရင်းတွင် ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ၊ ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း (လျာထားချက်) များနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီရင်ခံစာနှင့် လွှတ်တော်ကိုယ်စားလှယ်၏ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးက ပြန်လည် ရှင်းလင်းဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

၄။       ဆက်လက်ပြီး တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေစာရင်းတွင် ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ၊ ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း (လျာထားချက်)များနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာကို လွှတ်တော်က သဘောတူလက်ခံရန် ပြည်သူ့ငွေစာရင်းကော်မတီက အဆို တင်သွင်းခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက်ရယူခြင်း ဆောင်ရွက်ခဲ့ပါသည်။

၅။       ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ တတိယပုံမှန် အစည်းအဝေး ပဉ္စမနေ့ရပ်နားကြောင်းနှင့် အစည်းအဝေး ဆဋ္ဌမနေ့ကို  ၂၁. ၈. ၂၀၂၆ ရက် (သောကြာနေ့) နံနက် ၁၀၀၀ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပြီး အစည်းအဝေးကို ၁၂၁၅ နာရီ တွင် ရပ်နားခဲ့ပါသည်။

၆။         မကွေးတိုင်းဒေသကြီးလွှတ်တော်၊ တတိယပုံမှန်အစည်းအဝေးသို့ မကွေးတက္ကသိုလ်၊ ဥပဒေ ပညာဌာနမှ အုပ်ချုပ်သူ ဆရာမ(၃)ဦး၊  Diploma in Business Law(Batch 4) မှ သင်တန်းသား/ သင်တန်းသူ(၄၁)ဦး၊ ဥပဒေဘာသာ(အထူးပြု) ပဉ္စမနှစ်(ဒုကာလ) ကျောင်းသား/ ကျောင်းသူ(၂၄)ဦး၊ စုစုပေါင်း (၆၈)ဦး လာရောက်လေ့လာခဲ့ကြပြီး တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လွှတ်တော်ဆိုင်ရာများအား ရှင်းလင်းပြောကြားခဲ့ပါသည်။