တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ တတိယပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) ကျင်းပခြင်း
ဆောင်ရွက်ချက်များတတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ တတိယပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) ကျင်းပခြင်း
၁။ တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ တတိယပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) ကို ၂၁. ၈. ၂၀၂၆ ရက်(သောကြာနေ့) နံနက် ၁၀၀၀ နာရီတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားမှူးအဖြစ် ဦးမိုးကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၆၁)ဦး ရှိပြီး (၅၁)ဦး တက်ရောက်သည့်အတွက် အစည်းအဝေးတက်ရောက်မှု (၈၃.၆၁)ရာခိုင်နှုန်း ဖြစ်ပါသည်။
၂။ အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၄)ခုကို လွှတ်တော်ကိုယ်စားလှယ်(၈)ဦးက မေးမြန်းပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး( ၄ )ဦးမှ ပြန်လည်ဖြေကြားခဲ့ပါသည်။
၃။ ဆက်လက်ပြီး တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ တတိယပုံမှန်အစည်းအဝေး ကာလအတွင်း ဆောင်ရွက်ချက်များကို မှတ်တမ်းတင်ခြင်းနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဂုဏ်ပြုအမှာစကားပြောကြားခြင်း ဆောင်ရွက်ခဲ့ပါသည်။
၄။ ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ တတိယပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ ရပ်နားကြောင်းနှင့် တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ တတိယပုံမှန်အစည်းအဝေး ပြီးမြောက်ကြောင်းကြေညာပြီး အစည်းအဝေးကို ၁၂၂၀ နာရီတွင် ရပ်နားခဲ့ပါသည်။


