တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ စတုတ္ထပုံမှန်အစည်းအဝေး(ပဉ္စမနေ့) ကျင်းပခြင်း

ဆောင်ရွက်ချက်များ

တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ စတုတ္ထပုံမှန်အစည်းအဝေး(ပဉ္စမနေ့) ကျင်းပခြင်း

၁။      တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ စတုတ္ထပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကို ၁၅. ၁၀. ၂၀၂၆ ရက် (ကြာသပတေးနေ့)နံနက် ၁၀၀၀ နာရီတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားမှူးအဖြစ် ဦးမိုးကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၆၁)ဦး ရှိပြီး (၅၅)ဦး တက်ရောက်သည့်အတွက် အစည်းအဝေးတက်ရောက်မှု (၉၀.၁၆)ရာခိုင်နှုန်းဖြစ်ပါသည်။

၂။       အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း (၁၁)ခုကို လွှတ်တော်ကိုယ်စားလှယ် (၁၀)ဦးက မေးမြန်းပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး( ၆ )ဦးမှ ပြန်လည်ဖြေကြားခဲ့ပါသည်။

၃။      ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေစာရင်းတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်း များ၏ ၂၀၂၇ -၂၀၂၈ ဘဏ္ဍာရေးနှစ်အတွက် အရအသုံးခန့်မှန်းခြေငွေစာရင်း (လျာထားချက်)များနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီရင်ခံစာအပေါ် သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

၄။      မကွေးတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေစာရင်းတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၇- ၂၀၂၈ ဘဏ္ဍာရေးနှစ်အတွက် အရအသုံးခန့်မှန်းခြေငွေစာရင်း (လျာထားချက်)များနှင့်စပ်လျဉ်း၍ ပြည်သူ့ ငွေစာရင်းကော်မတီ၏အစီရင်ခံစာကို လွှတ်တော်ကသဘောတူလက်ခံရန် ပြည်သူ့ငွေစာရင်း ကော်မတီဝင် ( ၁ )ဦးက အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်၏အတည်ပြုချက်ရယူခြင်းတို့ ဆောင်ရွက် ခဲ့ပါသည်။

၅။      ဆက်လက်ပြီး တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ စတုတ္ထပုံမှန်အစည်းအဝေး ကာလအတွင်း ဆောင်ရွက်ချက်များကို မှတ်တမ်းတင်ခြင်းနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ က ဂုဏ်ပြုအမှာစကားပြောကြားခြင်း ဆောင်ရွက်ခဲ့ပါသည်။

၆။      ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ စတုတ္ထ ပုံမှန်အစည်းအဝေး ပဉ္စမနေ့ ရပ်နားကြောင်းနှင့် တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ စတုတ္ထပုံမှန်အစည်းအဝေး ပြီးမြောက်ကြောင်း ကြေညာပြီး အစည်းအဝေးကို ၁၂ ၂၀ နာရီတွင် ရပ်နားခဲ့ ပါသည်။