မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံးတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေးရာထူးအတွက် ကွန်ပျူတာကျွမ်းကျင်မှုစစ်ဆေးခြင်း

ဆောင်ရွက်ချက်များ

မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံးတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေးရာထူးအတွက် ကွန်ပျူတာကျွမ်းကျင်မှုစစ်ဆေးခြင်း ဆောင်ရွက်မှုအခြေအနေ

၁။      ပြည်ထောင်စုလွှတ်တော်ရုံးမှ ၂၀၂၆ – ၂၀၂၇ ခု ဘဏ္ဍာရေးနှစ်အတွင်း ခန့်ထားရန် ခွင့်ပြုထား သည့် အငယ်တန်းစာရေးရာထူး (၉)နေရာအတွက် ကွန်ပျူတာကျွမ်းကျင်မှုစစ်ဆေးခြင်းကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်၊ အင်္ဂါနေ့၊ နံနက်(၁၀:၀၀)နာရီမှ (၁၁:၀၀)နာရီအထိ မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံး၊ Ground Floor ၊ ICT Room တွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ကြီးကြပ်၍ မကွေးတိုင်းဒေသကြီး လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ညိုက လှည့်လည်ကြည့်ရှုခဲ့ပါသည်။

၂။       အဆိုပါ ကွန်ပျူတာကျွမ်းကျင်မှုစစ်ဆေးခြင်းတွင် လာရောက်ဖြေဆိုသူ ကျား(၆)ဦး၊ မ(၁၀)ဦး၊ စုစုပေါင်း(၁၆)ဦးရှိပါသည်။